
ခံစားချက်မရှိတဲ့ သုခဘုံမှာ
မင်းနဲ့ငါ ပြန်ဆုံဖို့
ဖြူညစ်ညစ်သံယောဇဉ်လေးတွေကို
စိမ်းကားလိုက်တော့မယ်
ကန္တာရလယ်က ပင်လယ်တစ်စင်းကို
မတွေ့ချင်ဘူး
သားရဲတစ်ကောင်ရဲ့
တောနက်မဲထဲ အထည်းကျန်ခြင်းကို
နှစ်သက်ရဲ့
မှိန်ဖျော့ဖျော့သစ်လွင်ခြင်းကို
မြတ်နိုးရဲ့
နှလုံးသားကို ခြွှေလွှင့်မယ့်
ဝင်းလဲ့လဲ့အနာဂတ်တစ်ခုအတွက်
ခံစားချက်တွေတောင်ပံဖြန့်မယ်။
ဥာဏ်စဉ်တွေ လွင့်ပါးလို့
အာရုံတွေ ခြောက်ခြားအောင်
သဘာဝအလှအပတို့နဲ့
ပေါင်းစပ်ဖန်တီး ရှုမငြီးတဲ့
သက်ရှိ ပန်းချီကားတစ်ချပ်ရဲ့
သန့်ရှင်းတဲ့ ၀ိညာဉ်ကို
ငါ ပိုင်ဆိုင်ချင်တယ်
သော့ပျက်တစ်လုံးနဲ့
ပွင့်နေတဲ့ တံခါးတစ်ချပ်ရဲ့
ညစ်ထေးထေး အခန်းကျဉ်းလေးထဲမှာ
ရသမျှ ဖြူစင်မှုတွေကို
ငါ ကြိတ်မှိတ်ယူမယ်
ဖောက်ထွက်လို့ မရတဲ့ မှန်တစ်ချပ်ကို
ယင်တစ်ကောင်လို ဇွတ်မတိုးဘဲ
ထိုးဖောက်နိုင်ဖို့ ငါကြိုးစားမယ်
စည်းလုံးခြင်းကို ဘယ်လို
အသုံးချရမှန်းမသိတဲ့
ဒုက္ခသားကောင် မဖြစ်လိုတဲ့အတွက်
တဏှာမုဆိုးလည်း မဖြစ်လိုတော့ဘူး။
ပေးဆပ်ဖို့အတွက် သတ်မှတ်ထားတဲ့ ဘ၀မှာ
ငြီးငွေ့မှု တွေနဲ့သာ ကြိတ်မှိတ်ပျော်ပါးခဲ့
လျော့ရဲရဲ ကြည်နူးမှုတွေ စိမ့်မ၀င်ခင်
ကျစ်လစ်လစ် ဆွတ်ပျံ့မှုတွေ မအုပ်စိုးခင်
ဒီသီလရင့်ကျက်ချင်တယ်။ ။
Monday, June 8, 2009
အယောင်ဆောင် ချဉ်ခြင်းများ
Posted by Myo Chit Thwe at 6/08/2009 11:34:00 AM 0 comments
Labels: poem
Friday, June 5, 2009
အရိပ်

မြားချက်က တားဂတ်ကိုထိရဲ့
တစ်လိပ်လိပ် မြားအရိပ်ကလည်း
မလိုအပ်တဲ့ပစ်မှတ် တစ်ခုကို ငြိသွားတယ်
ဒီတော့…
လိုတာလည်း အရိပ် ပိုတာလည်း အရိပ်
စိတ်ပျက်စရာတို့ အပေါ်
ဒေါသတို့ ပြုတ်ကျ
သောကတို့ကို ဖြုတ်ချချင်ပေမယ့်
ဒုက္ခတို့နဲ့သာ အလဲလဲအကွဲကွဲ
အလွဲလွဲ… အလွဲလွဲ တွေ
နည်းနည်း… နည်းနည်း နဲ့
တစ်ဖွဲဖွဲ… တစ်ဖွဲဖွဲ
စဲလည်း မစဲ တော့ဘူး
စူးစူးစိုက်စိုက် ကြည့်တာတောင်
မမြင်နိုင်လောက်အောင်ထူနေပြီ
ပြဿနာရဲ့ လမ်းစ ဖြေရှင်းချက် ရဖို့
အကွက် ကျကျနဲ့ တွက်ချက်ပြပေမယ့်
အဖြေကတော့ မှားနေဆဲ
ဒီလိုနဲ့…..
အထင်လွဲမှု အမြင်စောင်းမှုတို့
တစ်ခုချင်း… တစ်ခုချင်း
စုရင်း စုရင်း နဲ့ ထူထူလာကြတယ်
နေပူပူမှာ မကစားကြရင် ကောင်းမယ်။ ။
Posted by Myo Chit Thwe at 6/05/2009 12:40:00 AM 0 comments
Labels: poem
Sunday, May 24, 2009
စိတ္တဇကဗျာ

ငါ့မှာ...
ငါ့သွေးတွေပေနေတယ်
ငါ့အသားတွေနဲ့ရောလို့ပေါ့
ငါဆန်သွားတဲ့နေ့ရက်တွေ
ငါမမှတ်မိနိုင်လောက်အောင်ပဲ
တကယ်တော့…
ငါဟာ ငါပဲ
ငါသာလျှင် ငါဖြစ်တယ်
ငါ့စိတ်နဲ့ငါ့ကိုယ်ပဲ
ငါတစ်ယောက်ကို ဖြစ်စေတယ်။
ငါ့အမြင်အာရုံတွေ
ငါ့အကြားအာရုံတွေ
ငါ့အနံ့ခံအာရုံတွေ
ငါ့အရသာအာရုံတွေ
ငါ့အထိအတွေ့အာရုံတွေ
ငါ့ဝိညာဉ်တွေကပဲ
ငါ့ဘ၀ကို အဓိပ္ပာယ်ရှိစေတယ်။
ငါ့ ဘ၀၊ ငါ့ ကမ္ဘာ၊ ငါ ချစ်တာ
ငါတစ်ယောက်တည်းပဲ
ငါ့ခွန်အားတွေ
ငါ့မှာပဲ ရှိတယ်
ငါပဲ ရဲရင့်တယ်
ငါပဲ တည်ကြည်တယ်
ငါပဲ လွမ်းတတ်တယ်
ငါပဲ ခံစားတတ်တယ်
ငါ့သံသရာဇာတ်လမ်းမှာ
ငါသာ ဇာတ်ဆောင်
ငါသာ ဇာတ်ပို့
ငါမို့သာ ငါဖြစ်နိုင်တာ
ငါလိုလူ ငါပဲရှိတယ်
တစ်နေ့…
ငါပျောက်သွားတယ်
ငါကိုယ်တိုင်ရှာမရနိုင်အောင်ပဲ
တကယ်တော့…
ငါက ငါမှ မဟုတ်တော့ဘဲ။ ။
Posted by Myo Chit Thwe at 5/24/2009 06:04:00 PM 0 comments
Labels: poem
Friday, May 22, 2009
သွေး

ဇာမဏီပျို ခန္ဓာကိုယ်မှ
ရွှေညိုသွေးစက် လွန်မြင့်မြတ်ဟု
သတ်မှတ်ခေါ်ဝေါ် ရွှေကိုယ်တော်သည်
အကျော်ထွဋ်ထား မြတ်ဘုရား၏
သွေးသားအဆက် သာကီမြတ်ပင်
မဟုတ်စင်လည်း တို့ရင်ထဲတွင်
စွဲမြဲငြိကပ် တရားမြတ်ကြောင့်
ဆက်ဆက်သာသနာ တည်ခဲ့ရာဝယ်
ဘာသာတန်ဘိုး တို့မြတ်နိုးခဲ့။
ခိုင်ဖြိုးပြည်ထောင် မျိုးဂုဏ်ရောင်လည်း
တောက်ပြောင်ကြည်မြ လွန်ချစ်ကြ၍
မြင့်မြတ်စေရာ မျိုးဘာသာကို
ပညာကျင့်သုံး သဒ္ဓါဖုံးလျှက်
အဆုံးပန်းတိုင် လှမ်းကာကိုင်မည်
မြဲခိုင်သောလက် တူညီဆက်စို့
သွေးချင်းတို့။ ။
Posted by Myo Chit Thwe at 5/22/2009 12:52:00 AM 0 comments
Labels: poem
Friday, May 15, 2009
ကျိန်စာသင့် ပေးဆပ်ခြင်းများ

ကျွှန်တော်ဟာ ယိမ်းယိမ်းယဲ့ယဲ့
ခပ်နဲ့နဲ့ ဇရပ်တစ်ဆောင်ဖြစ်တယ်
ကျွှန်တော့်ဆီမှာ နားခို
မိုးပေါက်တို့ မစိုစေရဘူး။
ကျွှန်တော်ဟာ အထစ်စုံမဟုတ်တဲ့
ခပ်နုံနုံ လှေကားတစ်စင်းဖြစ်တယ်
ကျွှန်တော့်ပေါ်နင်းတတ်
အပေါ်ထပ်ရောက်အောင် သွားပါ။
ကျွှန်တော်ဟာ အေးဆေးမှုကိုပေးတဲ့
နွေးထွေးထွေး မွေ့ယာလေးတစ်ခင်းဖြစ်တယ်
ကျွှန်တော့်ပေါ် မှေးစက်
စိတ်ပျက်စရာအိပ်မက် မမက်စေရဘူး။
ကျွှန်တော်ဟာ ချောမွေ့ပြေဆင်းတဲ့
ပေတရာလမ်းကျဉ်းလေးဖြစ်တယ်
ကျွှန်တော့်ပေါ်ဖြတ်လျှောက်
ပန်းတိုင်ရောက်အောင်ကြိုးစားပါ။
ကျွှန်တော်ဟာ အကိုင်းကြိုးကြဲ
ပင်ရွက်ထူထဲထဲကို အံခဲထမ်းပိုးထားတဲ့
သစ်ပင် တစ်မျိုးဖြစ်တယ်
ကျွှန်တော့်အောက်မှာနားနေ
နေပူပူတွေ မလာစေရဘူး။
ကျွှန်တော်ဟာ မုန်တိုင်းကင်းမဲ့ဇုံက
တသုန်သုန်စီးဆင်းနေတဲ့ မြစ်တစ်စင်းဖြစ်တယ်
ကျွှန်တော့်ပေါ်ရွက်လွင့်
တောတောင်အဆင့်ဆင့်ကိုဖြတ်သန်းပါ။
ကျွှန်တော်ဟာ မာယာကြွယ်တဲ့
ငွေပင်လယ် တစ်စင်းဖြစ်တယ်
ဆိုတာကိုတော့ မစိုးရိမ်ပါနဲ့
ဒါပေမယ့် ကျွှန်တော်ဟာ
အဆုံးပိတ်နဲ့ အထွဋ်အထိပ်ကို
ရောက်ပြီးသားဆိုတာတော့သတိထားပါ။ ။
Posted by Myo Chit Thwe at 5/15/2009 04:17:00 PM 0 comments
Labels: poem
Monday, May 11, 2009
သားတစ်ကောင်ရဲ့ခွန်အား

အနှစ်အသားဗလာ ပါးလွှာလွှာလေးပါပဲ
ဒါပေမယ့်…
ကြိုးမွှာပေါင်း မြောက်များစွာနဲ့
ခိုင်ခန့်ရှုပ်ထွေးစွာ ယက်လုပ်ထားတယ်
ဒါ့ကြောင့်… ငါ့မှာ…
ကျော်လွှားလွန်မြောက် ထိုးဖောက်ဖို့
စွမ်းလောက်စရာခွန်အား မရှိခဲ့သေးဘူး
ဒီတော့…
အနှစ်အသား ထူထဲသိပ်သည်းတဲ့
ဖြစ်တည်မှု တစ်ခုကို
ငါဘယ်လို မေးခွန်းထုတ်ခံနိုင်တော့မှာလဲ
သြော်…
ငါဟာ ပိုးဖလံမျိုးပဲ
ငါဟာ ယင်တစ်ကောင်ထက်လည်း မပိုပါဘူး
ငါဟာ ဆားငန်ရေနောက်
တွေ့တိုင်းသောက်သူလို့လည်း ဆိုနိုင်တယ်
ငါဟာ အဆုံးအစမဲ့ စက်ဝိုင်းတစ်ခုပေါ်မှာ
အနှေးရော အမြန်ရော အသည်းအသန်ပါ
အပြန်အလှန် သွားနေသူလို့လည်း ပြောလို့ရတယ်
ငါဟာ အမေဇုန် တောနက်မည်းထဲက
အရောင်စုံသားရဲတစ်ကောင်ဆိုရင်လည်း မမှားဘူး
ပြီးတော့…
ငါဟာ အတ္တမုဆိုး ဖြစ်သလို
ဒုက္ခသားကောင်လည်း ဖြစ်တယ်။
မေတ္တာရေခွံခြုံပတ်ထားတဲ့ ရေပွက်လေးရေ
မင်းလို ဒုတိယမဟာသစ္စာကို
ငါဘယ်လို ကျော်လွှားရပါ့
ကူညီလမ်းပြ ကြပေမယ့်
နည်းလမ်းတွေလည်း ဆွံ့အကုန်ပြီ
ဒီတော့ ချိုရှရှ အကျိုးအပြစ်တွေကို
ငါဘယ်လို မြင်နိုင်တော့မှာလဲ။
အင်း…
ဥာဏ်စဉ်တွေ လွင့်ပါး
အာရုံတွေ ခြောက်ခြား
စိတ်တွေ ကစဥ့်ကလျားဖြစ်အောင်
ဆွဲကိုင် လှုပ်ကစားနိုင်တာ
မင်းရဲ့စွမ်းအားပဲရှိသေးတယ်။ ။
Posted by Myo Chit Thwe at 5/11/2009 10:36:00 AM 0 comments
Labels: poem
Sunday, May 3, 2009
ဧရာဝတီမှ နာဂစ်သို့
အဲဒီနေ့ကပေါ့…
နာဂစ်က ငါချစ်တဲ့သူတွေကို
ဆင်ရိုင်းတစ်ကောင်ရဲ့ အဟုန်မျိုးနဲ့
ရက်ရက်စက်စက် တိုးဝင်နင်းသတ်ခဲ့တယ်
ဟိုမှာ… ကြည့်ပါဦး
အတုံးအရုံးနဲ့ ဆုံးရှုံးခဲ့တဲ့ အိုးအိမ်တွေ
ထိပ်ထိပ်ပြာပြာနဲ့ စိတ်စိတ်မွှာမွှာ
ကွဲနေတဲ့ ဆန်အိုးကြီးတွေ
ဖရိုဖရဲနဲ့သေပွဲဝင်နေတဲ့
ဝိညာဉ်မဲ့ခန္ဓာကိုယ်တွေ
ပြီးတော့…
အာရုံတွေဖောက်ပြားလို့
စိတ်တွေခြောက်ခြားနေတဲ့
ကျန်ရစ်သူတွေ
နု၊ရင့်၊ပျို၊အို စိုစိုပြေပြေရှိခဲ့ကြတဲ့သူတို့ဘဝ
နိုးနိုးကြားကြားနဲ့ ရိုးသားခဲ့ကြတဲ့သူတို့ဘဝ
ဤမျှအချိုးကျ သာယာလှတဲ့ သူတို့ကမ္ဘာကို
ဘယ်လိုရန်ငြိုးအမုန်းတွေကြောင့်
ပျက်သုဉ်းဆုံးရှုံးစေခဲ့တာလဲ
ရက်စက်မှုတွေ အားရကျေနပ်ခြင်းဆိုတဲ့
ပြဒါးတိုင်အမှတ်ရောက်တဲ့အခါ
သုဿန်တစပြင်ကြီးပေါ်မှာ
လေနုထွေးထွေးလေးကိုဝှေ့ယမ်း
မိုးစက်အေးအေးလေးကိုပက်ဖြန်းလို့
အယောင်ဆောင်ကရုဏာ အနမ်းတွေကို
သွေးအေးအေးနဲ့ ပေးခဲ့သေးရဲ့
နာဂစ်ရေ…
မင်းကတော့ ညိုမဲမဲသိန်းငှက်တစ်ကောင်လို
ခပ်ယဲ့ယဲ့သစ်ကိုင်းလေးပေါ်မှာတတ်နား
မင်းပြန်သွားတဲ့အခါ သစ်ကိုင်းလေးခမျာ
ယိမ်းထိုးလှုပ်ခတ် ဘ၀ကိုပျက်လို့။ ။
Posted by Myo Chit Thwe at 5/03/2009 04:30:00 PM 0 comments
Labels: poem
Saturday, May 2, 2009
The Stairway

ကျွှန်ုပ်၏ ဘ၀ခံစားချက်အခြေပြု အင်္ဂလိပ်ကဗျာလေးပါ။ ရိုးရှင်းပြီး ကာရန်မိတဲ့အတွက် သဘောတွေ့မယ်ထင်ပါတယ်။
When I was a little child
Other took me out of line.
Nobody treated me sincerely
It tortured my heart severely.
When I am becoming the age
I summon my courage to be brave.
Among the forest of the tiger
I am performing as if a deer.
But I am always not a pity cat,
Avoid playing and pat with leg.
Sometime, I will act like a slave,
Don’t be pleasant with being crave.
Sacrificing is an act of noble
Such thing seldom be found in global
I am a stairway for your aim
Just step on and try to gain
I know the end already
It may be for you a comedy
Patronizing pervade among the people
That is a mere nature of the real
It may be for you a great poison
That is simply my deep caution
But, dog-flea can’t make the dust arise
Although he jump spending his all might
I build my life with tolerance
That is not a kind of pleasant
Just as effected pill, it is rather bitter
It may come out a sweet fruit later
He who has a sensible mind
To the other, he shows his kind
If you are a considerate man
I will try to be that sort of one
My memory does not go far
To pay back my great favor
If you are a man of moral
You’ll have the life of noble.
Posted by Myo Chit Thwe at 5/02/2009 11:26:00 AM 0 comments
Labels: poem
Wednesday, April 29, 2009
မျိုးချစ်သွေး
ဟုတ်တယ်
ဇာမရီတစ်ကောင်ရဲ့
ညိုရွှေရောင်သွေးတစ်စက်ဟာ
ငါပေါ့
ဘာမထီပေမယ့်
သာကီမျိုးတော့ မဟုတ်ဘူး။
သွေးစက်တို့ရဲ့
ရဲရဲနီလျှက် ကျစ်လျစ်စည်းကပ်ခြင်းကို
ခါးခါးသီးသီး ချစ်တယ်
လရောင်တို့ရဲ့
ရွှန်းလဲ့တောက်ပ အေးမြခြင်းကို
ပင်ပင်ပမ်းပမ်း မြတ်နိုးတယ်
ကမ္ဘာအိုရဲ့
မှိန်တိန်ဖျော့တော့ ခပ်လျော့လျော့သစ်လွင်ခြင်းကို
ရဲရဲဝံ့ဝံ့ ရှုးသွပ်တယ်။
အဖြူနဲ့အမည်း ထိပ်တိုက်နွှဲကြမယ့်
စစ်မြေပြင်ရဲ့ ငြိမ်းချမ်းရေးသခင်ဟာ
ဂျိုးဖြူငှက်တစ်ကောင်ပဲ
အို…… ကံကြမ္မာ
လရောင်ပေါ်ကို သွေးစက်တို့နဲ့ခြယ်မှုန်း
ကမ္ဘာအိုဆုံးသည့်တိုင်
ချစ်ခင်မြတ်နိုးရူးသွပ်ရခြင်း ဒဏ်ရာတွေကိုငဲ့
တစ်ဖက်လှည့်နဲ့ဖြစ်ဖြစ် ဒီဒုက္ခစစ်စစ်တွေကို
ဟန်ချက်ညီညီ ထမ်းချည်ခွင့်ပေးပါ။ ။
Posted by Myo Chit Thwe at 4/29/2009 06:46:00 PM 0 comments
Labels: poem
Tuesday, April 28, 2009
ဖန်ဆင်းရှင်
ဆွဲလှည့်ပစ်လိုက်စမ်းပါ အချစ်ရယ်*
မင်းလက်ချောင်းတွေရဲ့စွမ်းအင်ကို
ယုံတယ်
ကမ္ဘာမြေကြီး ရပ်တန့်တော့မယ်
ရော်ရွက်တွေရဲ့ခေါင်းလောင်းသံ
မချိုဘူး
ဟုတ်တယ်…..
အဲဒီမျက်စောင်းဟာ စနေဂြိုဟ်ပဲ
မာရ်နတ်ကိုဖိတ်စာမကမ်းလိုက်နဲ့
ညီညွှတ်ခြင်းရဲ့အခြားတစ်ဖက်မှာ
နယ်ခြားမျဉ်းပါးပါးတစ်ခု ရှိတယ်
သတိထား
ဝေးလွင့်ခြင်းကို သူပိုင်တယ်
မိုးစက်တွေ မြေပေါ်ခုန်ဆင်းကြ
ကျေးငှက်တွေ အော်ဟစ်မြူးလွင့်ကြ
မြက်ရိုင်းတွေ နှင်းရေချိုးနေကြ
လရောင်မယ်လေးတွေ
ပင်လယ်ရေ ငုံ့သောက်နေကြ
ခပ်မြင့်မြင့် တောင်းကုန်းကြီးတွေ
နေလုံးအထွက်အ၀င်ကိုထိုင်ကြည့်နေကြ
လှလိုက်တာ အချစ်ရယ်*
မသွားပါနဲ့
ကမ္ဘာကြီးကို သနားပါ
သူ့ခမျာ
မင်းအမိန့်တွေကိုစောင့်မျော်နေရဲ့။ ။
(သြဂတ်မင်းသိဟ်)
Posted by Myo Chit Thwe at 4/28/2009 01:35:00 AM 0 comments
Labels: poem





