Showing posts with label ဗုဒ္ဓ၏ အကြံပြုချက်များ. Show all posts
Showing posts with label ဗုဒ္ဓ၏ အကြံပြုချက်များ. Show all posts

Tuesday, March 20, 2012

စည်းဝေးဆွေးနွေးခြင်းငှာ သင့်လျော်သည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ခု၏ စံများ


ရဟန်းတို့ စကား နှီးနှောမိခြင်းဖြင့် ပုဂ်္ဂိုလ်ကို “ဆွေးနွေးသင့်သူဟူ၍သော်လည်းကောင်း၊ မဆွေးနွေး
သင့်သူ ဟူ၍သော် လည်းကောင်း” သိအပ်၏။ ရဟန်းတို့ ဤပုဂ်္ဂိုလ်သည် ပြဿနာကို မေးအပ်သော်
တိုက်ရိုက် ဖြေဆိုရမည်ဖြစ်သော ပြဿနာကို တိုက်ရိုက်အားဖြင့် အကယ်၍ မဖြေဆိုငြားအံ့၊ ဝေဖန်၍
ဖြေဆိုရမည် ဖြစ်သော ပြဿနာကို ဝေဖန်၍ မဖြေဆိုငြားအံ့၊ တဖန် ပြန်မေး၍ ဖြေဆိုရမည်ဖြစ်သော
ပြဿနာကို တဖန် ပြန်မေး၍ မဖြေဆိုငြားအံ့၊ (မဖြေဆိုဘဲ) ထားရမည် ဖြစ်သော ပြဿနာကို
(မဖြေဆိုဘဲ) မထားငြားအံ့၊ ရဟန်းတို့ ဤသို့ ဖြစ်လတ်သော် ဤပုဂ်္ဂိုလ်သည် မဆွေးနွေးသင့်သော
ပုဂ်္ဂိုလ်မည်၏။ ရဟန်းတို့ ဤပုဂ်္ဂိုလ်သည် ပြဿနာကို မေးအပ်သော် တိုက်ရိုက် ဖြေဆိုရမည် ဖြစ်သော
ပြဿနာကို တိုက်ရိုက် အားဖြင့် အကယ်၍ ဖြေဆိုအံ့၊ ဝေဖန်၍ ဖြေဆိုရမည်ဖြစ်သော ပြဿနာကို
ဝေဖန်၍ ဖြေဆိုအံ့၊ တဖန် ပြန်မေး၍ ဖြေဆိုရမည် ဖြစ်သော ပြဿနာကို တဖန် ပြန်မေး၍ ဖြေဆိုအံ့၊
(မဖြေဆိုဘဲ) ထားရမည် ဖြစ်သော ပြဿနာကိုလည်း (မဖြေဆိုဘဲ) ထားအံ့။ ရဟန်းတို့ ဤသို့
ဖြစ်လတ်သော် ဤပုဂ်္ဂိုလ်သည် ဆွေးနွေးသင့်သော ပုဂ်္ဂိုလ်မည်၏။

ရဟန်းတို့ စကား နှီးနှောမိခြင်းဖြင့် ပုဂ်္ဂိုလ်ကို “ဆွေးနွေးသင့်သူ ဟူ၍ လည်းကောင်း၊ မဆွေးနွေး
သင့်သူ ဟူ၍ လည်းကောင်း” သိအပ်၏။ ရဟန်းတို့ ဤပုဂ်္ဂိုလ်သည် ပြဿနာကို မေးအပ်သော်
အကြောင်း ဟုတ်သည် မဟုတ်သည်၌ အကယ်၍ မတည်အံ့၊ ကြံဆအပ်သော အရာ၌ အကယ်၍
မတည်အံ့၊ သိရမည့် ၀ါဒ၌ အကယ်၍ မတည်အံ့၊ (ဖြေဆိုရမည့်) ကျင့်ဝတ်၌ အကယ်၍ မတည်အံ့၊
ရဟန်းတို့ ဤသို့ ဖြစ်လတ်သော် ဤပုဂ်္ဂိုလ်သည် မဆွေးနွေးသင့်သော ပုဂ်္ဂိုလ်မည်၏။ ရဟန်းတို့
ဤပုဂ်္ဂိုလ်သည် ပြဿနာကို မေးအပ်သော် အကြောင်းဟုတ်သည် မဟုတ်သည်၌ အကယ်၍ တည်အံ့၊
ကြံဆအပ်သော အရာ၌ အကယ်၍ တည်အံ့၊ သိရမည့်ဝါဒ၌ အကယ်၍ တည်အံ့၊ (ဖြေဆိုရမည့်)
ကျင့်ဝတ်၌ အကယ်၍ တည်အံ့။ ရဟန်းတို့ ဤသို့ ဖြစ်လတ်သော် ဤပုဂ်္ဂိုလ်သည် ဆွေးနွေးသင့်သော
ပုဂ်္ဂိုလ်မည်၏။

ရဟန်းတို့ စကား နှီးနှောမိခြင်းဖြင့် ပုဂ်္ဂိုလ်ကို “ဆွေးနွေး သင့်သူ ဟူ၍ လည်းကောင်း၊ မဆွေးနွေး
သင့်သူ ဟူ၍ လည်းကောင်း” သိအပ်၏။ ရဟန်းတို့ ဤပုဂ်္ဂိုလ်သည် ပြဿနာကို မေးအပ်သော် စကား
တစ်ခုဖြင့် စကားတစ်ခုကို အကယ်၍ ဖုံးကွယ်အံ့ (ဝေ့လည်ချောင်ပတ်လုပ်အံ့)၊ အပြင်စကားကို ဆောင်၍ ပယ်အံ့ (မရောင်ရာ ဆီလူးအံ့)၊ စိတ်ဆိုးခြင်း
အမျက်ထွက်ခြင်း မနှစ်သက်ခြင်းကိုလည်း ထင်စွာပြုအံ့ (မိမိ၏အားနည်းချက်ကိုထိသဖြင့် ဒေါသဖြစ်အံ့)၊ ရဟန်း တို့ ဤသို့ ဖြစ်လတ်သော် ဤပုဂ်္ဂိုလ်
သည် မဆွေးနွေးသင့်သော ပုဂ်္ဂိုလ်မည်၏။ ရဟန်းတို့ ဤပုဂ်္ဂိုလ်သည် ပြဿနာကို မေးအပ်သော် စကား
တစ်ခုဖြင့် စကားတစ်ခုကို အကယ်၍ မဖုံးကွယ်အံ့၊ အပြင်စကားကို ဆောင်၍ မပယ်အံ့၊ စိတ်ဆိုးခြင်း
အမျက် ထွက်ခြင်း မနှစ်သက်ခြင်း ကိုလည်း ထင်စွာ မပြုအံ့၊ ရဟန်းတို့ ဤသို့ ဖြစ်လတ်သော်
ဤပုဂ်္ဂိုလ်သည် ဆွေးနွေး သင့်သော ပုဂ်္ဂိုလ်မည်၏။

ရဟန်းတို့ စကား နှီးနှောမိခြင်းဖြင့် ပုဂ်္ဂိုလ်ကို “ဆွေးနွေးသင့်သူ ဟူ၍ လည်းကောင်း၊ မဆွေးနွေး
သင့်သူ ဟူ၍ လည်းကောင်း” သိအပ်၏။ ရဟန်းတို့ ဤပုဂ်္ဂိုလ်သည် ပြဿနာကို မေးအပ်သော်
အကယ်၍ (ပါဠိပါဌ်သားရွတ်ဖတ်၍) လွှမ်းမိုးအံ့ (လူအများနားမလည်နိုင်သော ပညာရပ်အသုံးအနှုံးများသုံးခြင်း)၊ (အကြောင်းပြ၍) ဖိနှိပ်အံ့၊ (မေးသူ့စိတ်၌ သံသယ
ရှိလာအောင်) ပြင်းစွာ ရယ်အံ့ (သရော်သည့်သဘော)၊ အနည်းငယ် ချွတ်ယွင်းသည်ကို အမှားဖမ်းအံ့။ ရဟန်းတို့
ဤသို့ဖြစ်လတ်သော် ဤပုဂ်္ဂိုလ် သည် မဆွေးနွေးသင့်သော ပုဂ်္ဂိုလ် မည်၏။ ရဟန်းတို့ ဤပုဂ်္ဂိုလ်သည်
ပြဿနာကို မေးအပ်သော် အကယ်၍ (ပါဠိပါဌ်သား ရွတ်ဖတ်၍) မလွှမ်းမိုးအံ့၊ (အကြောင်းပြ၍)
မဖိနှိပ်အံ့၊ (မေးသူ့စိတ်၌ သံသယ ရှိလာအောင်) ပြင်းစွာ မရယ်အံ့၊ အနည်းငယ် ချွတ်ယွင်းသည်ကို
အမှား မဖမ်းအံ့။ ရဟန်းတို့ ဤသို့ ဖြစ်လတ် သော် ဤပုဂ်္ဂိုလ်သည် ဆွေးနွေးသင့်သော ပုဂ်္ဂိုလ်မည်၏။
(အ-၃ ကထာဝတ္ထုသုတ်)

ဆက်ဖတ်မယ်

Blogger template 'CoolingFall' by Ourblogtemplates.com 2008