Showing posts with label poemlike text. Show all posts
Showing posts with label poemlike text. Show all posts

Saturday, May 9, 2009

မြတ်ဗုဒ္ဓသို့…


နှလုံးသားအာဟာရအတွက်
ဓမ္မဆေးကို တိုက်ကျွှေးတော်မူသော
အရှင်ဘုရားအား
ဝိသာခါနက္ခတ် ယှဉ်စပ်သော
ဤနေ့မြတ်၌
ရင်ထဲတွင် အစဉ်အမြဲဖြစ်ပေါ်နေသော
အသင်္ခါရိက သမာဆန္ဒတို့ဖြင့်
ရိုသေတုပ်ဝပ် ရှိခိုးအပ်ပါသည်ဘုရား

အရှင်ဟာ…
ကျွှန်ုပ်တို့ နှလုံးသားကို
နူးညံ့၊ဖြူစင်၊ရဲဝံ့စေတယ်
ချစ်ခြင်း၊မုန်းခြင်းဆိုတဲ့ စစ်ခင်းမှုကြားကို
တိုးဝင်ရှင်သန်စေတယ်
အမှန်တရားအတွက် ဆင်နွှဲရတဲ့
နှလုံးသားတိုက်ပွဲမှာ
ခွန်အားတွေကို တိုးပွားစေတယ်
သွေး၊ချွေးတို့ ကျရှုံးသည့်တိုင်
အောင်ပွဲကို ဆင်နိုင်စေတယ်
စိတ်ဓာတ်အားအင်တွေကုန်ခမ်း
မောဟိုက်ပင်ပမ်းတဲ့အခါ
ညှိုးနွမ်းအားငယ်နေတဲ့ နှလုံးသားအား
ညအမှောင်ပန်းကို လရောင်ဆမ်းသလို
ပွင့်လန်း မွေးပျံ့စေတယ်
အရှင်သည်
ကျွှန်ုပ်တို့အတွက် ဘ၀တန်ဆောင်
အလင်းရောင် ဖြစ်ပေသည်တကား။ ။


မျိုးချစ်သွေး

ဆက်ဖတ်မယ်

Blogger template 'CoolingFall' by Ourblogtemplates.com 2008