Sunday, May 16, 2010

အပူသည်


ကိန္နရီပုံတည် မြန်မာပြည်၌
စေတီထီးနန်း ရွှေရောင်လွှမ်းလည်း
ပန်းတွေမလန်း စမ်းရေခမ်းလို့
တောတောင်မသာ မာလာမမွှေး
ငှက်တေးမဆို တိမ်ညိုမပျိုး
မိုးရိပ်မဆင် ကွင်းပြင်မစိမ်း
မိုးခြိမ်းမညံ သက်တံမလင်း
လေညှင်းမလာ နေအစင်းတစ်ရာသို့
ရှိတော့သည်။

ဓမ္မတာမမျှ သဘာဝကြောင့်
ဂေဟပျက်ယွင်း ပူပန်ခြင်းသည်
ခပင်းသတ္တ၀ါ မလပ်ပါအောင်
ဆူဆူကျိုက်ကျိုက် လောင်ကာမြိုက်သည်
တစ်ဘ၀သံသရာ ကုန်ဆုံးခါမှ
ဝိပါက်မပါ ငြိမ်းမည့်ဟာတည်း

ဗုဒ္ဓကျမ်းလာ မြတ်ဓမ္မာဖြင့်
မေတ္တာခြုံရန် စိတ်ရည်သန်၍
လောကဓံကို ခုခံလိုလည်း
ခိုင်မာစိတ်ထား ယိမ်းယိုင်သွားက
လောဘသားကောင် ဒေါသမုဆိုး
အဖြစ်မျိုးနှင့် ကြုံရိုးအမှန်
ဖန်ဖန်ခံစား ထိုလူသား၏
ရင်တွင်းအပူ သာ၍ဆူသည်
ဘယ်သူလာ၍ ငြှိမ်းအံ့နည်း။ ။

0 comments:

Blogger template 'CoolingFall' by Ourblogtemplates.com 2008